back

မကွေးမြသလွန်စေတီတော်တွင် ကဆုန်လပြည့်နေ့၌ ညောင်ရေသွန်းပွဲတော်နှင့်အတူ သံဃာတော်အပါး ၁,၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်

Apr 24 • 1:54 AM

breaking-news

Myanmar

Magway

cover

မကွေးမြသလွန်စေတီတော်တွင် ကဆုန်လပြည့်နေ့၌ ညောင်ရေသွန်းပွဲတော်နှင့်အတူ သံဃာတော်အပါး ၁,၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မြသလွန်စေတီတော်တွင် ကဆုန်လပြည့်နေ့၌ ညောင်ရေသွန်းပွဲတော်နှင့်အတူ သံဃာတော်အပါး ၁,၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကာ...

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မြသလွန်စေတီတော်တွင် ကဆုန်လပြည့်နေ့၌ ညောင်ရေသွန်းပွဲတော်နှင့်အတူ သံဃာတော်အပါး ၁,၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း စေတီတော်၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။ဂေါပကအဖွဲ့အနေဖြင့် လာမည့် ဧပြီ ၃၀ ရက်နေ့တွင်ကျရောက်မည့် ကဆုန်လပြည့်နေ့တွင် မြသလွန်စေတီတော်၌ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပရေး ဦးစီးကော်မတီက ကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှစေတနာရှင်၊ အလှူရှင်များဖြင့် ပူးပေါင်း၍ မကွေးမြို့ မြသလွန်ဘုရားပွဲတော်ကွင်းပြင်၌ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

news-view-count-icon

38