back

ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်များအား Malaysia Airlinesက ၂ လ ယာယီဖျက်သိမ်းမည်ဟုထုတ်ပြန်

Apr 24 • 1:52 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်များအား Malaysia Airlinesက ၂ လ ယာယီဖျက်သိမ်းမည်ဟုထုတ်ပြန်

Malaysia Airlines ကပြေးဆွဲနေတဲ့ ရန်ကုန် - ကွာလာလမ်ပူ - ရန်ကုန် ခရီးစဉ်တွေကို ၂ လ ယာယီဖျက်သိမ်းမယ်လို့ ထုတ်ပြန်ထား တယ်လို့ ရန်ကုန်အခြေစိုက် ပြည်ပလေယာဉ်လက်မှတ်အရေ...

Malaysia Airlines ကပြေးဆွဲနေတဲ့ ရန်ကုန် - ကွာလာလမ်ပူ - ရန်ကုန် ခရီးစဉ်တွေကို ၂ လ ယာယီဖျက်သိမ်းမယ်လို့ ထုတ်ပြန်ထား တယ်လို့ ရန်ကုန်အခြေစိုက် ပြည်ပလေယာဉ်လက်မှတ်အရောင်းဌာနတချို့ဆီက စုံစမ်းသိရပါတယ်။Malaysia Airlines က လာမဲ့ မေလနဲ့ ဇွန်လအတွက် ရန်ကုန် - ကွာလာလမ်ပူ - ရန်ကုန် ခရီးစဉ်တွေကို ယာယီဖျက်သိမ်းမှာ ဖြစ်ပြီး သတ်မှတ် ကာလပြည့်သွားရင် ဘယ်လိုဆက်လုပ်မယ်ဆိုတာမျိုးတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မတွေ့ရဘူးလို့ ဆိုပါတယ်။အခုလို ရန်ကုန် - ကွာလာလမ်ပူ - ရန်ကုန် ခရီးစဉ် ယာယီဖျက်သိမ်းတာကို မလေးရှားလေကြောင်းတစ်ခုသာ ဆောင်ရွက်တာဖြစ်ပြီး MAI လေကြောင်းလိုင်းက ပြေးဆွဲနေတဲ့ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်တွေကတော့ ပုံမှန်အတိုင်း ပျံသန်းပြေးဆွဲနေတယ်လို့လည်း သိရပါတယ်။

news-view-count-icon

57