တရုတ်နိုင်ငံမှ ရောက်ရှိလာသည့် ခွဲစိတ်ကုသရေးစက်ရုပ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Nopparat Rajathanee ဆေးရုံ၌ ဆရာဝန်၏ အဝေးမှ ထိန်းချုပ်မှုဖြင့် လူနာ သည်းခြေကျောက်တည်ခြင်း ခွဲစိတ်ကုသမှုကို အောင်မြင်စွာလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ကီလိုမီတာ ၂,၀၀၀ ခန့်ကွာဝေးသည့် တရုတ်နိုင်ငံ စီချွမ်းတက္ကသိုလ် တရုတ်အနောက်ပိုင်းဆေးရုံတွင် အဓိကခွဲစိတ်ဆရာဝန်ဖြစ်သည့် ထိုင်းနိုင်ငံမှ Bhattrabhorn Petposri သည် အဝေးရောက်ဆက်သွယ်ရေး နည်းပညာဖြင့် ခွဲစိတ်ကုသမှုစက်ရုပ်ကို ထိန်းချုပ်ကာ အဆိုပါ တရုတ်-ထိုင်း ပထမဆုံး အဝေးထိန်းစက်ရုပ်ဖြင့် ခွဲစိတ်ကုသမှုကို အောင်မြင်စွာ လုပ်ဆောင်ခဲ့သည်။Bhattrabhorn Petposri က ခွဲစိတ်ကုသမှုဖြစ်စဉ်တစ်ခုလုံးအတွင်း နှောင့်နှေးမှု စိုးစဉ်းမျှမခံစားရဘဲ စက်ရုပ်မှတစ်ဆင့် တွေ့မြင်ရသည့်မြင်ကွင်းနှင့် ခွဲစိတ်ခန်းအတွင်း လက်တွေ့လုပ်ဆောင်ချက်များသည် ခံစားချက်နှင့် တစ်ပြေးညီဖြစ်သလို လုပ်ဆောင်မှုများမှာလည်း သွက်လက်တိကျမှုရှိကြောင်း ပြောကြားခဲ့သည်။
Apr 24 • 1:49 AM
China
Local News
Share
| 14 | 0 | 0 | 0 |


