back

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် အိမ်သုံးစွန့်ပစ်ပစ္စည်းများက အစိမ်းရောင် လျှပ်စစ်ဓာတ်အားအဖြစ် အသွင်ကူးပြောင်း

Apr 24 • 1:47 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် အိမ်သုံးစွန့်ပစ်ပစ္စည်းများက အစိမ်းရောင် လျှပ်စစ်ဓာတ်အားအဖြစ် အသွင်ကူးပြောင်း

တရုတ်နိုင်ငံ၏ဟေးမီဖုန်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဥယျာဉ်မှာ ချန်ရှားမြို့ ဝမ့်ချိန်ခရိုင်တွင် တည်ရှိသော ပြည့်စုံသည့် အကြီးစား ပတ်ဝန်းကျင်ထိန်းသိမ်းရေး စက်မှုဥယျာဉ်...

တရုတ်နိုင်ငံ၏ဟေးမီဖုန်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဥယျာဉ်မှာ ချန်ရှားမြို့ ဝမ့်ချိန်ခရိုင်တွင် တည်ရှိသော ပြည့်စုံသည့် အကြီးစား ပတ်ဝန်းကျင်ထိန်းသိမ်းရေး စက်မှုဥယျာဉ်ဖြစ်သည်။ ၎င်းဥယျာဉ်၏ နေ့စဉ် အိမ်သုံးစွန့်ပစ်ပစ္စည်းများကို စီမံဆောင်ရွက်နိုင်စွမ်းမှာ တန်ချိန် ၁၀,၀၀၀ အထိရှိပြီး ရွှံ့နွံများမှာ တန်ချိန် ၁,၀၀၀ အထိ ရှိသည်။ အမှိုက်များကို မီးရှို့ခြင်းဖြင့် ဥယျာဉ်က နှစ်စဉ် အစိမ်းရောင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁.၇ ဘီလီယံကျော် ထုတ်လုပ်ပေးပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို နှစ်စဉ် တန်ချိန် ၁.၂ သန်းကျော် လျှော့ချပေးကြောင်း သိရသည်။ထို့အပြင် ပြည်နယ်အတွင်း ဂေဟဗေဒဆိုင်ရာ ပတ်ဝန်းကျင်သိပ္ပံ လူကြိုက်များလာစေရန်နှင့် ပညာရေးအတွက် အခြေခံအဖြစ် အဆိုပါဥယျာဉ်ကို ၂၀၂၁ ခုနှစ်မှစ၍ အများပြည်သူအတွက် ဖွင့်လှစ်ပေးသောရက်များတွင် လာရောက်လည်ပတ်သူ ၄၀,၀၀၀ ကျော်ကို လက်ခံခဲ့ပြီးဖြစ်ကာ အမှိုက်အမျိုးအစားခွဲခြားခြင်းနှင့် အစိုင်အခဲအမှိုက်များအား အသုံးချခြင်းဆိုင်ရာ အသိပညာများကို ပြည်သူလူထုအကြား လူသိများလာစေခဲ့ကြောင်း သိရသည်။

news-view-count-icon

10