ပြည်တွင်း၌လျှပ်စစ်မီး ပြတ်တောက်ချိန် များပြားလာတဲ့အတွက် အအေးခန်းစက်ရုံတွေနဲ့ ကုန်ထုတ်စက်ရုံတွေ ထုတ်လုပ်မှု ကုန်ကျစရိတ် သိသိသာသာ တိုးလာနေတယ်လို့ စက်မှုဇုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။လက်ရှိမှာ အအေးခန်းနဲ့ ကုန်ထုတ်စက်ရုံတွေရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ စက်သုံးဆီဖိုးနဲ့ လျှပ်စစ်အစားထိုး စရိတ်တွေကြောင့် ပုံမှန်ထက် အဆမတန် မြင့်တက်နေပြီး မီးစက်မောင်းနှင်ဖို့ ဒီဇယ်ဆီဝယ်ယူရမှု၊ ပစ္စည်း ပျက်စီးဆုံးရှုံးမှုနဲ့ ကုန်ထုတ်စွမ်းအား ကျဆင်းမှုတို့ကြောင့် လုပ်ငန်းလည်ပတ်မှု ဘတ်ဂျက်တွေ ပိုမိုကုန်ကျနေတယ်လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။အခုအခါ စစ်မှုဇုန်တွေအတွက် မီတာခ ၁ ယူနစ်ကို ကျပ် ၄၀၀ မှ ၅၀၀ အထိ ပိုမို မြင့်တက်သွားတာဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံတွေရဲ့ လျှပ်စစ်မီတာခဟာ ၁ ယူနစ်ကို ပျမ်းမျှ ၁၅၀ ကျပ်ကနေ ကျပ် ၅၀၀ နှုန်းအထိရှိကာ မီးပျက်ချိန် မီးစက်နှိုး အလုပ် လုပ်ရရင်တော့ ၁ ယူနစ်ကို ကျပ် ၁,၀၀၀ ကျော် ကုန်ကျတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
Apr 23 • 3:38 AM
Myanmar
Local
Share
| 30 | 0 | 0 | 0 |


