အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ သုံးနိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ဖို့ ရက်ပေါင်း ၅၀ သာလိုတော့ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အသိပေးဆော်သြခဲ့ပါတယ်။၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန် ၁၁ ကနေ ဇူလိုင် ၁၉ အထိ ကျင်းပမှာဖြစ်ပြီး မက္ကဆီကို - တောင်အာဖရိကပွဲနဲ့ စတင်ဖွင့်လှစ်မှာပါ။၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက အိမ်ရှင်သုံးနိုင်ငံနဲ့ ကျင်းပတဲ့ ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ၊ ပြိုင်ပွဲဝင်အသင်း ၄၈ သင်းပါဝင်တဲ့ ပထမဆုံးပြိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်နေပါတယ်။ဒါကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲအစအဆုံး ပွဲပေါင်း ၁၀၄ ပွဲရှိမှာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ၇၈ ပွဲ၊ မက္ကဆီကိုနဲ့ ကနေဒါမှာ ၁၃ ပွဲစီ လက်ခံကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ခြေအရှိဆုံးအဖြစ် အလေးပေးခံထားရတာကတော့ စပိန်အသင်းဖြစ်ပြီး သူ့နောက်မှာ ပြင်သစ်၊ အင်္ဂလန်၊ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ပေါ်တူဂီ၊ ဂျာမနီ၊ နယ်သာလန်တို့ အစဥ်အလိုက်ရပ်တည်နေပါတယ်။
Apr 23 • 2:35 AM
Myanmar
International
Share
| 29 | 0 | 0 | 0 |


