back

ချင်းပြည်နယ်ဝန်ကြီးဟောင်း Pu Van Thawng ကွယ်လွန်

Apr 23 • 2:34 AM

breaking-news

Myanmar

Chin

cover

ချင်းပြည်နယ်ဝန်ကြီးဟောင်း Pu Van Thawng ကွယ်လွန်

သမ္မတဦးသိန်းစိန်လက်ထက် ချင်းပြည်နယ်အစိုးရအဖွဲ့တွင် စိုက်ပျိုး/မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Pu Van Thawng သည် ဧပြီလ ၂၂ ရက် ယမန်နေ့ ညနေပိုင်းတွင် အ...

သမ္မတဦးသိန်းစိန်လက်ထက် ချင်းပြည်နယ်အစိုးရအဖွဲ့တွင် စိုက်ပျိုး/မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Pu Van Thawng သည် ဧပြီလ ၂၂ ရက် ယမန်နေ့ ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်သော Pu Van Thawng သည် အိုင်ဇောလ်မြို့၊ Khatla ရပ်ကွက်ရှိ Aizawl Hospital တွင် ဆေးကုသမှုခံယူနေစဉ် မနေ့ညနေ ၅ နာရီခန့်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဟု သိရသည်။Pu Van Thawng သည် ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဝန်ကြီးချုပ် ဦးဟုန်းငိုင်းဦးဆောင်သော ချင်းပြည်နယ်အစိုးရအဖွဲ့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ-JICA ဆီမှ ကူညီထောက် ပံ့မှုများရရှိအောင် အဓိကကြိုးပမ်းခဲ့သူဖြစ်သည်။

news-view-count-icon

31