ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ အုပ်ချုပ်ရေးအဖွဲ့ကနေ ဒိီနေ့ဧပြီလ ၂၃ ရက်ကနေ ၂၅ ရက်အတွင်းမှာ ဘန်ကောက်တစ်ဝိုက်မှာ နွေဦးမုန်တိုင်း တိုက်ခတ်နိုင်တာကြောင့် အထူးသတိထားကြဖို့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ဒီရက်ပိုင်းအတွင်းမှာ မိုးသည်းသည်းထန်ထန် ရွာနိုင်သလို၊ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာနဲ့ မိုးကြိုးပစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မိုးရွာနိုင်ခြေကတော့ ဘန်ကောက်မှာ ၂၀ ကနေ ၄၀ ရာခိုင်နှုန်းလောက်အထိ ရှိနေတာပါ။အပူချိန်ပိုင်းမှာတော့ အနိမ့်ဆုံး ၂၇ ဒီဂရီ ကနေ အမြင့်ဆုံး ၄၀ ဒီဂရီ စင်တီဂရိတ်အထိ ရှိနိုင်ပြီး ရာသီဥတုက တော်တော်လေး ပူအိုက်နေဦးမှာပါ။ အပြင်သွားရင် ထီး ဒါမှမဟုတ် မိုးကာ ဆောင်သွားကြဖို့နဲ့ လေပြင်းဘေးကို သတိထားကြဖို့ တိုက်တွန်းထားပါသည်။
Apr 23 • 2:39 AM
Thailand
Local News
Share
| 15 | 0 | 0 | 0 |


