မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဧပြီလ ၂၁ ရက် ည ၉ နာရီ ၁၅ မိနစ်အချိန်ခန့်က ဈေးကြိုရပ်ကွက်၊ ဆန်တန်းတွင် နေထိုင်သည့် ဆိုင်ကယ် Taxi သမား နေအိမ်သို့ ပြန်လာစဉ် နေအိမ်အနီးရှိ အမှိုက်ပုံးများ မီးရှို့ထားသည့် မီးပုံအား ရှောင်မောင်းရာမှ မီးပုံပေါ်သို့ ဆိုင်ကယ်တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ဆိုင်ကယ်တိမ်းမှောက်စဉ် သယ်ဆောင်လာသည့် ဓာတ်ဆီ ၃ ဗူး ကိုယ်ပေါ်ကျကာ ဆိုင်ကယ် Taxi သမား မီးလောင်မှုဖြစ်ပွားခဲ့၍ ရပ်ကွက်နေသူများက ဝိုင်းဝန်းကူညီငြိမ်းသတ်ပေးပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။



