ရန်ကုန်ရှိသဗ္ဗညုတရွှေဉာဏ်တော်ရှင် ဗုဒ္ဓဂေါတမရှင်တော်မြတ်ဘုရားရဲ့ ဆံတော်စစ်ရတနာ ကိန်းဝပ်တော်မူရာ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးမှာ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပသွားမယ် လို့ ဗိုလ်တထောင်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးမှာ မြတ်စွာဘုရားရဲ့ ပရိဘောဂစေတီတော်မြတ်ကြီးဖြစ်တဲ့ “မဟာဗောဓိပင်”ကို ကဆုန်လပြည့်နေ့မှာ (၅၅)ကြိမ် မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ဖွင့်ပွဲအခမ်းအနားကို စေတီတော်ရင်ပြင် တနင်္ဂနွေထောင့်ရှိ နန်းဦးဘုရားကြီးတန်ဆောင်းမှာ ဧပြီလ (၃၀)ရက် မနက် ၆ နာရီခွဲအချိန်မှာ ကျင်းပမှာဖြစ်ပါတယ်။
| 31 | 0 | 0 | 0 |


