back

ရန်ကုန်ဆေးရုံကြီး၌ သေဆုံးသူများအတွက် သရဏံဂုံတင်ကြေး သိန်းချီ ပေးနေရ

Apr 22 • 4:13 PM

breaking-news

Myanmar

Yangon

cover

ရန်ကုန်ဆေးရုံကြီး၌ သေဆုံးသူများအတွက် သရဏံဂုံတင်ကြေး သိန်းချီ ပေးနေရ

ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသရင်း ဆုံးပါးသွားသူများ၏ Dead Body ထုတ်ကြေး၊ သရဏဂုံတင်ရန် အလောင်းပြင်ဆင်စရိတ်များကို နာရေးရှင်များထံမှ ဆေးရုံရေခဲတိုက်အစောင့်များက မတ...

ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသရင်း ဆုံးပါးသွားသူများ၏ Dead Body ထုတ်ကြေး၊ သရဏဂုံတင်ရန် အလောင်းပြင်ဆင်စရိတ်များကို နာရေးရှင်များထံမှ ဆေးရုံရေခဲတိုက်အစောင့်များက မတရားငွေကြေးများ မတန်တဆ တောင်းခံနေခြင်းဖြစ်သည်။ထိုသို့ မတန်တဆ တောင်းခံရာတွင် ရေခဲတိုက်မှ Dead body ထုတ်ခအဖြစ် ကျပ်ငါးသောင်းဝန်းကျင်၊ အလောင်းပြင်ဆင်စရိတ်အဖြစ် ငွေကျပ် တစ်သိန်းဝန်းကျင် ပေးနေရခြင်းဟု သိရသည်။ထို့ပြင် ရန်ကုန်ဆေးရုံကြီး၌ အလုပ်လုပ်နေသည့် ဆေးရုံအလုပ်သမားများသည် လူနာရှင်များထံမှ နည်းမျိုးစုံဖြင့် ငွေတောင်းခံမှုများလည်း ရှိနေသည်ဟု သိရသည်။အလားတူ ဆေးရုံမှ လူနာတင်ယာဉ်မောင်းသူများကလည်း လူနာကို ဆေးရုံအပြောင်းအရွှေ့ လုပ်ရသည့်အခါများတွင် အခမဲ့မလုပ်ပေးဘဲ ငွေကြေးပေးမှ လုပ်ပေးသည်များလည်း ဖြစ်နေကြောင်း သိရသည်။ရန်ကုန်ဆေးရုံကြီး၌ ဆေးရုံအလုပ်သမားများသည် ၎င်းတို့၏ လုပ်ခလစာ နည်းပါးမှုကို အရင်းခံရာမှ ယခုကဲ့သို့ အရေးတကြီး ဖြစ်နေသည့် လူနာရှင်များထံမှ ငွေရလွယ်သော ငွေကြေးတောင်းခံမှုများကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြခြင်းဖြစ်သည်။



news-view-count-icon

21