back

မော်တော်ဆိုင်ကယ်များကို QR Code ဖြင့် တစ်ပတ် ၈ လီတာဝယ်ယူခွင့်ပြု

Apr 22 • 4:12 PM

breaking-news

Myanmar

Mon

cover

မော်တော်ဆိုင်ကယ်များကို QR Code ဖြင့် တစ်ပတ် ၈ လီတာဝယ်ယူခွင့်ပြု

မွန်ပြည်နယ်အတွင်း စက်သုံးဆီဝယ်ယူခွင့်နှင့်ပတ်သတ်၍ ထုတ်ပြန်ထားသည့် တစ်ပတ်အတွင်း စက်သုံဆီဝယ်ယူခွင့်ပမာဏအရ ဆိုင်ကယ်တစ်စီး ၈ လီတာ၊ သုံးဘီးယာဉ်တစ်စ်ီး ၂၅ လီတာ၊ ထရော်...

မွန်ပြည်နယ်အတွင်း စက်သုံးဆီဝယ်ယူခွင့်နှင့်ပတ်သတ်၍ ထုတ်ပြန်ထားသည့် တစ်ပတ်အတွင်း စက်သုံဆီဝယ်ယူခွင့်ပမာဏအရ ဆိုင်ကယ်တစ်စီး ၈ လီတာ၊ သုံးဘီးယာဉ်တစ်စ်ီး ၂၅ လီတာ၊ ထရော်လာဂျီယာဉ် ၃၀ လီတာ၊ အိမ်စီးမော်တော်ယာဉ်၊ ပုဂ္ဂလိက မော်တော်ယာဉ်၊ Taxi နှင့် ကုန်တင်ယာဉ်များကို စက်စွမ်းအင်အလိုက် သတ်မှတ်ထားကြောင်း သိရသည်။အဆိုပါသတ်မှတ်ထားသည့် ဝယ်ယူခွင့်အတိုင်း ဆီဆိုင်များတွင် ယနေ့မှစ၍ Q R Code ဖြင့် ရောင်းချနေကြောင်းလည်း သိရသည်။လက်ရှိတွင် ၉၂ တစ်လီတာ ၅၃၀၀ ကျပ်၊ ၉၅ တစ်လီတာကို ၅၅၀၀ ကျပ်၊ ဒီဇယ် တစ်လီတာကို ၈၀၀၀ ကျပ်ကျော် ပေါက်ဈေးအဖြစ်သတ်မှတ်ထားသော်လည်း ဆီဆိုင်အချို့ မှောင်ခိုဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းများလည်း ရှိသည်။




news-view-count-icon

39