back

နာဂဒေသ နန်းယွန်းနဲ့ပန်ဆောင်မြို့မှာ လေပြင်းတိုက်ပြီး မိုးသီးကြွေလို့ ပျက်စီးမှုများ

Apr 22 • 4:11 PM

breaking-news

Myanmar

Sagaing

cover

နာဂဒေသ နန်းယွန်းနဲ့ပန်ဆောင်မြို့မှာ လေပြင်းတိုက်ပြီး မိုးသီးကြွေလို့ ပျက်စီးမှုများ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နဲ့ ပန်ဆောင်မြို့မှာ မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးသီးတွေကြွေကျလို့ အဆောက်အအုံတွေနဲ့ စပါးကျီတွေပျက်စီးသွားတယ်လို့...

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နဲ့ 

ပန်ဆောင်မြို့မှာ မိုးသက်လေပြင်းတိုက်ခတ်ပြီး 

မိုးသီးတွေကြွေကျလို့ အဆောက်အအုံတွေနဲ့ စပါးကျီတွေပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။ဧပြီ၂၀ရက် ညနေ ၅နာရီကနေ ၆နာရီခန့်အထိ လေပြင်းတိုက်ခတ်ပြီး ကြက်ဥအရွယ်ခန့်ရှိတဲ့မိုးသီးတွေလည်း ကြွေကျခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသဖြစ်ပြီး ကုန်စည်စီးဆင်းမှုလည်းနည်းပါးတာကြောင့် အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။နွေအကုန်မိုးအကူးကာလများအတွင်း လေထုအတွင်းအပူချိန်ပြောင်းလဲမှုကြောင့် စိုက်ဆင်းလေပြင်းနဲ့ နေရာကွက် မိုးကြီးတာ၊ မိုးသီးကြွေကျတာတွေ ဖြစ်တတ်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။





news-view-count-icon

20