Sony Group နှင့် Honda Motor တို့သည် ၎င်းတို့ ပထမဆုံး ပူးတွဲတီထွင်မည့် အီးဗီ Afeela အစီအစဉ်ကို ပြီးခဲ့သည့်မတ်လက ဖျက်သိမ်းပြီးနောက် ၎င်းတို့၏ ၅၀-၅၀ ရှယ်ယာ ပိုင်ဆိုင်သည့် Sony Honda Mobility ဖက်စပ်လုပ်ငန်း၏ လုပ်ငန်းလည်ပတ်မှုကို အရွယ်အစား လျှော့ချမည်ဟု အင်္ဂါနေ့ (ဧပြီ ၂၁)တွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်သည်။ Honda ထံမှ အင်ဂျင်နီယာနှင့် ထုတ်လုပ်မှုစွမ်းရည်များနှင့် Sony ထံမှ ဆော့ဖ်ဝဲနှင့် ဂိမ်းကစားခြင်းဆိုင်ရာကျွမ်းကျင်မှုတို့ကို ပေါင်းစပ်လုပ်ကိုင်ကြရန် ၂၀၂၂ ခုနှစ်တွင် ၎င်းဖက်စပ်ကုမ္ပဏီကို တည်ထောင်ခဲ့ကြသည်။ Sony Honda Mobility မှ ဝန်ထမ်းများကို သက်ဆိုင်ရာ မိခင်ကုမ္ပဏီသို့ ပြန်လည်ရွှေ့ပြောင်းမည်။



