back

တရုတ်နိုင်ငံ၏ Chery Automobile သည် ဥရောပတွင် သေးငယ်သောကားများအထိ တိုးချဲ့ရန် လုပ်ဆောင်နေ

Apr 22 • 2:40 PM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၏ Chery Automobile သည် ဥရောပတွင် သေးငယ်သောကားများအထိ တိုးချဲ့ရန် လုပ်ဆောင်နေ

တရုတ်နိုင်ငံ၏ Chery Automobile သည် ဥရောပတွင် ၎င်း၏ကြီးထွားမှုကို ပံ့ပိုးရန်အတွက် SUV ကို အဓိကထားခြင်းအပြင် သေးငယ်သောကားများအထိ တိုးချဲ့ရန် လုပ်ဆောင်နေသည်။ အလျား...

တရုတ်နိုင်ငံ၏ Chery Automobile သည် ဥရောပတွင် ၎င်း၏ကြီးထွားမှုကို ပံ့ပိုးရန်အတွက် SUV ကို အဓိကထားခြင်းအပြင် သေးငယ်သောကားများအထိ တိုးချဲ့ရန် လုပ်ဆောင်နေသည်။ အလျား လေးမီတာအောက် ကားအငယ်စားများ ထုတ်လုပ်ရန် ပလက်ဖောင်း တီထွင်ဖန်တီးရေး စတင်နေပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ ကားအများဆုံးတင်ပို့သူ Chery သည် ဥရောပဈေးကွက်တွင် Chery ၊Omoda နှင့် Jaecoo အမှတ်တံဆိပ်တို့၏ ကားများကို ရောင်းချလျက် ရှိရာမှ Lepas ကားအမှတ်တံဆိပ်ကို ပြီးခဲ့သည့်နှစ်က ထပ်မံထည့်သွင်းခဲ့သည်။ ယခုအခါ Lepas ကားအမှတ်တံဆိပ်ဖြင့် SUV မော်ဒယ်သုံးမျိုး ရနိုင်သည်။


news-view-count-icon

6