ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီးသည် ဧပြီလ ၁၆ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီ အမြင့်ဆုံးဆုတွင် နှစ်စောင်တွဲကံထူးခဲ့သဖြင့် ဘတ် ၁၂သန်း ထီပေါက်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအမျိုးသမီးသည် ထိုင်းထီ ပထမဆု ၃၀၉၆၁၂ တွင် ခြောက်လုံးတိုက် ပထမဆုကို နှစ်စောင်တွဲ ကံထူးခဲ့သဖြင့် ဘတ် ၁၂ သန်း ထီပေါက်ခဲ့ခြင်းဖြစ်သည်။ ထီပေါက်သော မြန်မာအမျိုးသမီးသည် ဆုငွေထုတ်ယူပေးရန် အကူအညီတောင်းခံခဲ့သဖြင့် ဧပြီလ ၂၀ ရက်တွင် ဆုငွေထုတ်ယူပေးခဲ့ပြီး ထီပေါက်သူလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့မှ သိရသည်။ ထီပေါက်သော မြန်မာအမျိုးသမီးသည် မွန်ပြည်နယ်ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၁၃ နှစ်ကျော် ရှိပြီဖြစ်ကြောင်း ဆိုသည်။



