back

ဘန်ကောက်မှာ ဘတ်စ်ကား ရောက်မယ့် အချိန်ကို ပြသပေးတဲ့ ဒစ်ဂျစ်တယ်ဆိုင်းဘုတ် ၅၀၀ တပ်ဆင်မည်

Apr 22 • 2:38 PM

breaking-news

Thailand

Local News

cover

ဘန်ကောက်မှာ ဘတ်စ်ကား ရောက်မယ့် အချိန်ကို ပြသပေးတဲ့ ဒစ်ဂျစ်တယ်ဆိုင်းဘုတ် ၅၀၀ တပ်ဆင်မည်

ဘန်ကောက်မှာ ဘတ်စ်ကားမှတ်တိုင်ကွန်ရက်ကို အဆင့်မြှင့်တင်မယ့် အကြီးစားစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နေပါတယ်။ ဘန်ကောက်မှာ ဘတ်စ်ကားမှတ်တိုင်ပေါင်း ၅,၁၉၉ ခုဝန်းကျင်...

ဘန်ကောက်မှာ ဘတ်စ်ကားမှတ်တိုင်ကွန်ရက်ကို အဆင့်မြှင့်တင်မယ့် အကြီးစားစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နေပါတယ်။ ဘန်ကောက်မှာ ဘတ်စ်ကားမှတ်တိုင်ပေါင်း ၅,၁၉၉ ခုဝန်းကျင်ရှိပြီး ဒီနှစ်အတွင်းမှာ မှတ်တိုင်ပေါင်း ၁,၁၀၀ ကို အသစ်ပြင်ဆင်သွားမှာဖြစ်ပါတယ်။ အဲဒီထဲက မှတ်တိုင် ၅၀၀ မှာဆိုရင် ဘတ်စ်ကားရောက်လာမယ့်အချိန်ကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးမယ့် ဒစ်ဂျစ်တယ်ဆိုင်းဘုတ်စနစ်တွေ ပါဝင်လာမှာဖြစ်ပြီး ကျန်တဲ့ ၆၀၀ ကိုတော့ ပိုမိုကြည်လင်ပြတ်သားတဲ့ လမ်းညွှန်မြေပုံတွေနဲ့ ဒီဇိုင်းအသစ်တွေ ပြောင်းလဲတပ်ဆင်သွားမှာ ဖြစ်ပါတယ်။ လာမယ့် မေလကစပြီး စတင်အဆင့်မြှင့်မှာ ဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွင်းမှာ အပြီးသတ်ဖို့ လျာထားပါတယ်။



news-view-count-icon

11