ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ တနင်္လာနေ့က အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ လာမယ့်သီတင်းတစ်ပတ်အတွင်း ပိုမိုကြီးမားတဲ့ငလျင်တစ်ခု လှုပ်ခတ်နိုင်ကြောင်း တာဝန်ရှိသူတွေက အကြံပြုချက်ထုတ်ပြန်ထားပါတယ်။ ဆူနာမီသတိပေးချက်နဲ့ အကြံပြုချက်တွေကိုထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းမှာ ရုပ်သိမ်းခဲ့ပါတယ်။ ဒီအတောအတွင်း ဂျပန်မိုးလေဝသအေဂျင်စီက ဘေးအန္တရာယ်လျှော့ချရေးအစီအမံတွေအတွက် အကြံပြုချက်ထုတ်ပြန်ခဲ့ပြီး နောက်ထပ် ငလျင်ကြီးတစ်ခု ဖြစ်နိုင်ခြေအတွက် ဆက်လက်ပြင်ဆင်ထားဖို့ ဒေသခံတွေကို တိုက်တွန်းခဲ့ပါတယ်။ အဲဒီအကြံပြုချက်ဟာ Hokkaido ၊ Aomori ၊ Iwate ၊ Miyagi ၊ Fukushima ၊ Ibaraki နဲ့ Chiba ခရိုင်တွေရှိ မြို့ရွာ ၁၈၂ ခု အကျုံးဝင်ပါတယ်။ အဲဒီဒေသတွေက လူတွေအနေနဲ့ လာမယ့် တနင်္လာနေ့ ဧပြီလ ၂၇ ရက် ညနေ ၅ နာရီအထိ အကြံပြုချက်ကို လိုက်နာသင့်ပါတယ်။ ကြိုတင်တိမ်းရှောင်ဖို့ တောင်းဆိုထားတာမျိုး မရှိပါဘူး။



