တရုတ်နိုင်ငံ ဆန်ညာမြို့မှာကျင်းပမယ့် ၂၀၂၆ ခြောက်ကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲမှာ မြန်မာတက်ဂ်ဘောအသင်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲကို ဧပြီ ၂၂ ရက်ကနေ ၃၀ ရက်အထိ ကျင်းပမှာဖြစ်ပြီး အားကစားနည်း ၁၄ မျိုး ထည့်သွင်းကျင်းပမှာဖြစ်ပေမယ့် မြန်မာနိုင်ငံက တက်ဂ်ဘောအားကစားနည်းတစ်မျိုးပဲ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲရဲ့ တက်ဂ်ဘောပြိုင်ပွဲကို ဧပြီ ၂၄ ရက်ကနေ ၂၇ ရက်အထိ ကျင်းပမှာဖြစ်ပြီး မြန်မာတက်ဂ်ဘောအသင်းအနေနဲ့ ပြိုင်ပွဲအမျိုးအစား သုံးမျိုးစလုံး ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွေ ပါဝင်မှာဖြစ်ပြီး မြန်မာအသင်းက ပြိုင်ပွဲအားလုံး ယှဉ်ပြိုင်မှာပါ။ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲမှာ စောဖရိုက်ဒေးနဲ့ စည်သူထွန်း၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲမှာ နိုင်နိုင်ဝင်းနဲ့ ဆုမွန်အောင်၊ အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲမှာ ကိုကိုလွင်နဲ့ ခင်ဆုဝေတို့ ယှဉ်ပြိုင်မှာပါ။



