ဧပြီလ ၂၂ ရက်၊ နံနက်ပိုင်းက ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်၊ သိကြားရပ် တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပင်စည်လုံးပတ် ၃ ပေခန့်၊ အမြင့်ပေ ၄၀ ခန့်ရှိ ထနောင်းပင်လဲကျကာ နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်လဲသည့်နေရာကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံများက ဝိုင်းဝန်ကူညီရှင်းလင်းခဲ့ကြောင်း သိရသည်။ဧပြီလ ၂၁ ရက်နေ့ကလည်း၊ ညောင်ဦးမြို့၊ (၅) ရပ်ကွက်နှင့် (၇) ရပ်ကွက်တို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် သက်တမ်းနှစ် ၃၀ ကျော်ရှိသည့် ထနောင်းပင်ကြီးအချို့ လဲကျခဲ့ကြောင်း သိရသည်။



