တရုတ်နိုင်ငံ၊ ကွေ့ကျိုးပြည်နယ် လီဖိန်ခရိုင် ကျောက်ရှင်းတုန့်လူမျိုးရွာသည် ချန်တုန်းနန် မြောင်လူမျိုး တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၏ စိမ်းလန်းစိုပြည်သော တောတောင်များကြား၌ တည်ရှိသည်။ လတ်တလောနှစ်ပိုင်းတွင် ကျောက်ရှင်းတုန့်လူမျိုးရွာသည် တစ်မူထူးခြားသော တိုင်းရင်းသားယဉ်ကျေးမှုနှင့် ဂေဟအရင်းအမြစ်များကို အားထား၍ ယဉ်ကျေးမှုခရီးသွားလုပ်ငန်းကို အင်တိုက်အားတိုက်ဖော်ဆောင်ခဲ့ရာ အမျိုးသား 4A အဆင့် ရှုခင်းသာကို အောင်မြင်စွာ ဖန်တီးတည်ဆောက်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ကျောက်ရှင်း တုန့်လူမျိုးရွာသည် ခရီးသွားဧည့်သည် အကြိမ်ရေ ၁.၅၁ သန်းအား လက်ခံခဲ့ပြီး ခရီးသွားလုပ်ငန်း အထွေထွေဝင်ငွေသည် ယွမ် ၁.၅ ဘီလီယံကျော်ခဲ့သလို ကျေးရွာ၏ အစုအဖွဲ့လိုက် စီးပွားရေးဝင်ငွေအနေဖြင့်မူ ယွမ် ၃ သန်းကျော်ရှိခဲ့သည်။ ယနေ့တွင် ပိုမိုများပြားသော နယ်ခြားသွားရောက် လုပ်ကိုင်သည့် ရွာသူ၊ ရွာသားများက ဇာတိရွာသို့ပြန်လာပြီး ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြပြီဖြစ်သည်။



