back

ထိုင်း၌ ကြာသပတေးမှစနေနေ့အထိ နွေရာသီမုန်တိုင်းကိုသတိပေးထား

Apr 22 • 2:22 PM

breaking-news

Thailand

Local News

cover

ထိုင်း၌ ကြာသပတေးမှစနေနေ့အထိ နွေရာသီမုန်တိုင်းကိုသတိပေးထား

ကြာသပတေးနေ့မှ စနေနေ့အထိ ထိုင်းနိုင်ငံအထက်ပိုင်းသို့ မုန်တိုင်းများကျရောက်နိုင်ပြီး မိုးကြိုးမုန်တိုင်းနှင့် လေပြင်းများတို-က်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေး...

ကြာသပတေးနေ့မှ စနေနေ့အထိ ထိုင်းနိုင်ငံအထက်ပိုင်းသို့ မုန်တိုင်းများကျရောက်နိုင်ပြီး မိုးကြိုးမုန်တိုင်းနှင့် လေပြင်းများတို-က်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ဧပြီလ ၂၃ ရက် နေ့မှ ၂၅ ရက် နေ့အတွင်း အချို့နေရာများတွင် မိုးကြိုးမုန်တိုင်း၊ လေပြင်းတို-က်ခတ်ခြင်း၊ မိုးကြိုးပ-စ်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် လက္ခဏာရပ်များကြောင့် ထိုင်းနိုင်ငံအထက်ပိုင်း နွေရာသီမုန်တိုင်းများ ကြုံတွေ့ရနိုင်သည်ဟု ဗုဒ္ဓဟူးနေ့နံနက်က ဒုတိယသတိပေးချက်ထုတ်ပြန်ခဲ့သည်။မုန်တိုင်းများသည် မြောက်၊ အရှေ့မြောက်နှင့် အရှေ့ဘက်တို့ကို အစောပိုင်းတွင် သက်ရောက်မှုရှိပြီး နောက်ပိုင်းတွင် ဘန်ကောက်နှင့် ယင်း၏အနီးတစ်ဝိုက်အပါအဝင် အလယ်ပိုင်းလွင်ပြင်များသို့ ပျံ့နှံ့သွားမည်ဖြစ်ကြောင်း အဆိုပါဌာနက ဆိုသည်။ 


news-view-count-icon

10