back

မြိတ်-ထားဝယ်ကားလမ်း ခရီးသည်တင်ကားနှင့် ကုန်ကားများ ပြန်လည်ပြေးဆွဲ

Apr 22 • 2:24 PM

breaking-news

Myanmar

Tanintharyi

cover

မြိတ်-ထားဝယ်ကားလမ်း ခရီးသည်တင်ကားနှင့် ကုန်ကားများ ပြန်လည်ပြေးဆွဲ

မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းတွင် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း ဒေသခံအချို့နှင့် ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သ...

မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းတွင် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း ဒေသခံအချို့နှင့် ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။မတ်လ ၂၆ ရက်တွင် ပြန်လည်ပြေးဆွဲခွင့်ရသော်လည်း မတ်လ ၂၈ ရက်ကတည်းက ကားများ ဖြတ်သန်း မသွားရဲကြတော့ကြောင်း ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူအချို့က ဆိုသည်။ ထားဝယ်မြို့က ယာဉ်လိုင်းလုပ်ငန်း လုပ်ကိုင်သူ လူငယ်အမျိုးသမီးတစ်ဦးကလည်း ခရီးတင်ကားနှင့် ကုန်တင်ကားများ ပြန်လည်ပြေးဆွဲနေကြပြီဖြစ်ကြောင်း ဆိုသည်။ မြိတ်-ထားဝယ် ကားလမ်းကို ပြန်လည်သွားလာခွင့်ပြုထားပြီဖြစ်ကြောင်း သိရပါသည်။





news-view-count-icon

19