back

တာချီလိတ်၌ ကလေးငယ်အား လူမဆန်စွာ ရိုက်နှက်နှိပ်စက်သည့် အမျိုးသမီးကို ဖမ်းဆီး

Apr 22 • 1:46 PM

breaking-news

Myanmar

Shan

cover

တာချီလိတ်၌ ကလေးငယ်အား လူမဆန်စွာ ရိုက်နှက်နှိပ်စက်သည့် အမျိုးသမီးကို ဖမ်းဆီး

တာချီလိတ်မြို့ရှိ နေအိမ်တစ်အိမ်အတွင်း၌ ကလေးငယ်တစ်ဦးကို လူမဆန်စွာ ရိုက်နှက်ညှဉ်းပန်းနေသည့် အမျိုးသမီးကို ရဲတပ်ဖွဲ့က ယနေ့ ဧပြီလ ၂၂ရက် ညနေပိုင်း၌ ဖမ်းဆီးလိုက်ကြောင...

တာချီလိတ်မြို့ရှိ နေအိမ်တစ်အိမ်အတွင်း၌ ကလေးငယ်တစ်ဦးကို လူမဆန်စွာ ရိုက်နှက်ညှဉ်းပန်းနေသည့် အမျိုးသမီးကို ရဲတပ်ဖွဲ့က ယနေ့ ဧပြီလ ၂၂ရက် ညနေပိုင်း၌ ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ကလေးငယ်အား မတရားရိုက်နှက်ညှင်းပန်းသူ အမျိုးသမီးမှာ အသက် ၃၂ နှစ်အရွယ် ဒေါ်လောမိန်ဆိုသူဖြစ်ပြီး ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၁) အတွင်း နေထိုင်သူဖြစ်ကြောင်း၊ ရိုက်နှက်ခံရသည့် ကလေးငယ်မှာ ဒေါ်လောမိန်၏ တူမတော်သူ အသက် ၁၂ အရွယ် မိန်းကလေးငယ်ဖြစ်ကြောင်း သိရသည်။ယင်းအမျိုးသမီးကို ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၁၀၀-က(၄) ဖြင့် အမှုဖွင့်အရေးယူမည်ဖြစ်ပြီး ယင်းပုဒ်မမှာ ထောင်ဒဏ် ၄နှစ်မှ ၁၀နှစ်အထိလည်ကောင်း၊ ဒဏ်ငွေကျပ် ၁၀ သိန်းမှ ကျပ် သိန်း ၅၀ အထိလည်ကောင်း ချမှတ်နိုင်ကြောင်း ဥပဒေးရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။တာချီလိတ်မြို့၊ ပါလျံ (၁) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်း၌ အမျိုးသမီးတစ်ဦးက ကလေးငယ်တစ်ဦးကို လူမဆန်စွာ ရိုက်နှက်ညှဉ်းပန်းနေသည့် ရုပ်သံဖိုင်တစ်ခု ယနေ့ နေ့လယ်ပိုင်းတွင် လူမှုကွန်ရက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။






news-view-count-icon

66