back

ညောင်ရွှေတွင် မသန်စွမ်းအမျိုးသမီးတစ်ဦး သေနတ်နှင့်ပစ်ခတ်ခံရ၊ ပစ်ခတ်သူအား အရေးယူခြင်းမရှိနေ

Apr 22 • 1:10 PM

breaking-news

Myanmar

Shan

cover

ညောင်ရွှေတွင် မသန်စွမ်းအမျိုးသမီးတစ်ဦး သေနတ်နှင့်ပစ်ခတ်ခံရ၊ ပစ်ခတ်သူအား အရေးယူခြင်းမရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အရှေ့ညောင်ဝန်းကျေးရွာနေအိမ်တစ်အိမ်သို့ ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်၊ ည ၁၀ နာရီခန့်က ကေလာရွာနေ အယ်ပြားဆိုသူ ရောက်ရှိလာပြီ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အရှေ့ညောင်ဝန်းကျေးရွာနေအိမ်တစ်အိမ်သို့ ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်၊ ည ၁၀ နာရီခန့်က ကေလာရွာနေ အယ်ပြားဆိုသူ ရောက်ရှိလာပြီး သေနတ်ဂျမ်းဖြစ်ကာကျည်ထွက်သွားခြင်းဖြစ်သည်၊၊လက်ရှိတွင် ဒဏ်ရာရရှိသူ အမျိုးသမီးကို တောင်ကြီးမြို့ဆေးရုံ ၌ ဆေးကုသမှုခံယူနေရပြီး အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း ကျူးလွန်သူဘက်မှ တစ်စုံတစ်ရာ တာဝန်ယူပေးခြင်း မရှိနေကြောင်း သိရသည်၊၊မသန်စွမ်းမိန်းကလေးက ပိုလီယို ရောဂါဖြစ်နေပြီး အသက်က ၂၅-၂၆ အရွယ်ရှိကြောင်းသိရသည်၊၊




news-view-count-icon

18