ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ပျောက်ဆုံးယူနစ်လျှော့ကျရေးတို့အတွက် မီးလင်းရေးဦးဆောင်ကော်မတီ၏ ဓာတ်အားဖြန့်ဖြူးမှု စနစ်အတွင်း ယခင်သွယ်တန်း အသုံးပြုထားသော ဓာတ်အားလိုင်းကြိုးများအား အဆင့်မြှင့်တင်အစားထိုးလဲလှယ်ခြင်းနှင့် လိုအပ်သောကြားတိုင် ထပ်တိုးစိုက်ထူခြင်းလုပ်ငန်းများအား ဧပြီ ၂၃ ရက်နံနက်ပိုင်းတွင် အချိန်ပိုင်းဖြတ်တောက် မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်း၊ ငွေတောင်ဦးကျောင်းရှေ့မှ စဝ်စံထွန်းလမ်း တစ်လျှောက်သွယ်တန်းထားသော 22 KV ဓာတ်အားလိုင်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ပျောက်ဆုံး ယူနစ်လျှော့ချနိုင်ရေးတို့အတွက် ယခင်သွယ်တန်း အသုံးပြုထားသော ACSR-50 sqmm လိုင်းကြိုးများအား SAC-185 sqmm လိုင်းကြိုးများဖြင့် အဆင့်မြှင့်တင်အစားထိုးလဲလှယ်ရန်၊ လိုအပ်သောကြားတိုင်ထပ်တိုး စိုက်ထူခြင်း လုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။
သို့ဖြစ်၍ လုပ်ငန်းများဆောင်ရွက်စဉ် ဝမ်ကောင်းရပ်ကွက်၊ ဝမ်ကောင်းမြို့မဈေးအပိုင်းအချို့၊ မင်္ဂလာလမ်း တစ်လျှောက်၊ မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတား အစိတ်အပိုင်းအချို့၊ ပုန်းထွန်ရပ်ကွက်၊ စဝ်စံထွန်း လမ်းမကြီးတစ်လျှောက်နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဖတ်ဟိကျေးရွာထိ လုပ်ငန်းလိုအပ်ချက်အရ ဧပြီ ၂၃ ရက်နံနက် ၉ နာရီမှ မွန်းလွဲ ၄ နာရီအချိန်ထိ အချိန်ပိုင်းဓာတ်အားဖြတ်တောက်မည်ဖြစ်ပြီး လုပ်ငန်းများစောလျင် စွာပြီးစီးလျှင် ဓာတ်အားသုံးစွဲပြည်သူများအား အမြန်ဆုံးဓာတ်အားပို့ ပြန်လည်လွှတ်မည်ဖြစ်ကြောင်း မြို့မီးလင်း ရေးဦးဆောင်ကော်မတီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။



