မြန်မာနိုင်ငံ၏ ဆန်စပါးအဓိကစိုက်ပျိုးရာ ဧရာဝတီတိုင်းဒေသကြီးတွင် စက်သုံးဆီအခက်အခဲ ဆက်လက်ဖြစ်ပွားနေပါက လာမည့်မိုးရာသီတွင် စိုက်ဧကများ လျော့နည်းသွားနိုင်သဖြင့် စက်သုံးဆီနှင့် သွင်းအားစုများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရန် တောင်သူများက တောင်းဆိုနေကြသည်။ လက်ရှိတွင် ဆောင်းစပါးရိတ်သိမ်းနေသည့် ကာလဖြစ်သော်လည်း ယခင်ဝယ်ယူထားသည့် ဆီလက်ကျန်များဖြင့်သာ ရိတ်သိမ်းခြွေလှေ့စက်များကို မောင်းနှင်နေရပြီး၊ လက်ကျန်ဆီမရှိတော့ပါက ကျန်ရှိသည့် စပါးဧကများ ရိတ်သိမ်းရန်နှင့် လာမည့်မိုးစပါးရာသီအတွက် ပြင်ဆင်ရန် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရှိရပါသည်။
စက်သုံးဆီအခက်အခဲကြောင့် မိုးစပါးစိုက်ဧက လျော့နည်းနိုင်သဖြင့် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးရန် တောင်သူများ တောင်းဆို
Apr 22 • 6:07 AM
Myanmar
Ayeyarwady
Share
| 17 | 0 | 0 | 0 |


