ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ ကွန်ဖြူးရှပ်အင်စတီကျုတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ တရုတ်ဘာသာစကားနေ့ အခမ်းအနားကို ဧပြီလ ၂၀ ရက် (တနင်္လာနေ့) က ကျင်းပခဲ့ရာ ဒေသခံအရာရှိများနှင့် ကျောင်းသား ရာပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီး Hang Chuon Naron က တရုတ်ဘာသာစကားသည် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေသည့် တံတားတစ်စင်းဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယားပညာရေးစနစ်တွင် တရုတ်ဘာသာစကားသင်ကြားမှု လျင်မြန်စွာတိုးတက်လာကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
| 9 | 0 | 0 | 0 |


