back

၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာ ၄၀၄ သန်းကျော် ဝင်ငွေရရှိ

Apr 22 • 6:06 AM

breaking-news

Myanmar

Local

cover

၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာ ၄၀၄ သန်းကျော် ဝင်ငွေရရှိ

၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ငါးတန်ချိန် ၃ သိန်းကျော် (၃၂၆,၃၂၉ ဒသမ ၆၁၈ တန်) တင်ပို့နိုင်ခဲ့ပြီး အမေရိကန်...

၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ငါးတန်ချိန် ၃ သိန်းကျော် (၃၂၆,၃၂၉ ဒသမ ၆၁၈ တန်) တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၀၄ ဒသမ ၀၁၂ သန်း ဝင်ငွေရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၂၄၀ သန်းကျော်နှင့် နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၁၆၃ သန်းကျော် ရရှိခဲ့ခြင်းဖြစ်ပြီး၊ ရေကြောင်းမှ တန်ချိန် ၁ သိန်းခွဲကျော်နှင့် နယ်စပ်မှ တန်ချိန် ၁ သိန်း ၇ သောင်းကျော် အသီးသီး တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

36