back

ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ ဘာသာရေးအဖွဲ့အစည်း ၄၁ ခုသို့ ပြည်နယ်အစိုးရက စက်သုံးဆီ ၆၆ ပေပါ လှူဒါန်း

Apr 22 • 6:04 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ ဘာသာရေးအဖွဲ့အစည်း ၄၁ ခုသို့ ပြည်နယ်အစိုးရက စက်သုံးဆီ ၆၆ ပေပါ လှူဒါန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းမှုကြောင့် လျှပ်စစ်မီးပြတ်တောက်နေစဉ်အတွင်း ရေနှင့် မီး အခက်အခဲ လျော့နည်းစေရန်အတ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းမှုကြောင့် လျှပ်စစ်မီးပြတ်တောက်နေစဉ်အတွင်း ရေနှင့် မီး အခက်အခဲ လျော့နည်းစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာရေးအဖွဲ့အစည်း ၄၁ ခုသို့ စက်သုံးဆီ ၆၆ ပေပါကို ယနေ့ (ဧပြီ ၂၁ ရက်) တွင် လှူဒါန်းခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများ၊ ခရစ်ယာန်အသင်းတော်များအပြင် အစ္စလာမ်၊ ဟိန္ဒူ၊ ဆစ်ခ်နှင့် တရုတ်ဘုံကျောင်းများသို့ ဆီပေပါများ ခွဲဝေလှူဒါန်းခဲ့ပြီး ပြည်သူများအတွက် လိုအပ်သည့် အကူအညီများကိုလည်း ဆက်လက်ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

news-view-count-icon

24