back

ထိုင်းနိုင်ငံ၊ ဆုန်ခရန်ပွဲတွင် ရေပက်၊ ပေါင်ဒါလိမ်းခဲ့သည့် ထိုင်းဘုန်းကြီးများကို တစ်နှစ်စောင့်ကြည့်အဖြစ် အရေးယူ

Apr 22 • 6:01 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ ဆုန်ခရန်ပွဲတွင် ရေပက်၊ ပေါင်ဒါလိမ်းခဲ့သည့် ထိုင်းဘုန်းကြီးများကို တစ်နှစ်စောင့်ကြည့်အဖြစ် အရေးယူ

ထိုင်းနိုင်ငံ၊ ခွန်ကဲန်မြို့ရှိ ဘုရားကျောင်းတစ်ခုမှ ကျောင်းထိုင်ဆရာတော်နှင့် သံဃာအချို့သည် ဆုန်ခရန်ပွဲတော်အတွင်း လမ်းဘေး၌ ရေပက်ခြင်းနှင့် အမျိုးသားများကို ပေါင်...

ထိုင်းနိုင်ငံ၊ ခွန်ကဲန်မြို့ရှိ ဘုရားကျောင်းတစ်ခုမှ ကျောင်းထိုင်ဆရာတော်နှင့် သံဃာအချို့သည် ဆုန်ခရန်ပွဲတော်အတွင်း လမ်းဘေး၌ ရေပက်ခြင်းနှင့် အမျိုးသားများကို ပေါင်ဒါလိမ်းပေးခြင်းတို့ ပြုလုပ်ခဲ့သဖြင့် လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ ပြည်နယ်သာသနာရေးရုံး၏ စစ်ဆေးချက်အရ ၎င်းတို့သည် သတိလက်လွတ်ဖြစ်ကာ ကျင့်ဝတ်နှင့်မညီသော လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံခဲ့သဖြင့် ၎င်းတို့ကို သတိပေးထားပြီး တစ်နှစ်ကြာ စောင့်ကြည့်အရေးယူမှု ပြုလုပ်ထားသည်။ အဆိုပါ တစ်နှစ်အတွင်း အလားတူအမှားမျိုး ထပ်မံကျူးလွန်ပါက သာသနာ့ဘောင်မှ ချက်ချင်းထွက်ခွာရမည်ဖြစ်ကြောင်းနှင့် အဆိုပါကျောင်းမှာ ယခင်ကလည်း ကျင့်ဝတ်ဆိုင်ရာ ပြဿနာများရှိခဲ့ဖူးကြောင်း သိရှိရပါသည်။

news-view-count-icon

12