လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် ပြည်တွင်းထုတ်ဒီဇယ်ဆီများကို တစ်ဂါလန်လျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် အထူးသက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် ဆက်လက်ရောင်းချပေးလျက်ရှိသည်။ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်သည့် ဤအစီအစဉ်သည် တောင်သူများ စက်သုံးဆီအခက်အခဲ လျော့နည်းစေရန်နှင့် စိုက်ပျိုးစရိတ် သက်သာစေရန် ရည်ရွယ်ကာ လက်ငင်းငွေချေစနစ်ဖြင့် တိုက်ရိုက်ဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Apr 22 • 6:00 AM
Myanmar
Local
Share
| 24 | 0 | 0 | 0 |


