ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထုတ်ပြန်ထားသည်။ ထိုကာလအတွင်း စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် (၃) ရက်မှ (၆) ရက်ခန့်အထိ မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးရွာသွန်းမှု ပုံမှန်ထက်လျော့နည်းကာ (၁) ရက်မှ (၂) ရက်ခန့်သာ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
Apr 22 • 5:59 AM
Myanmar
Local
Share
| 26 | 0 | 0 | 0 |


