ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ လာမည့် ကဆုန်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၁၉ ရက်က ဝိဇယမင်္ဂလာဓမ္မသဘင်တွင် ပြုလုပ်ခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်လုပ်ဆောင်မည့် အစီအမံများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်မြို့တွင် ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ကမ္ဘာအေး၌ ကျင်းပမည်
Apr 22 • 5:57 AM
Myanmar
Yangon
Share
| 22 | 0 | 0 | 0 |


