မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) နှင့် အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တို့ ပူးပေါင်း၍ လေယာဉ်မှူးဖြစ်လိုသည့် လူငယ်များအတွက် Cadet Pilot Program ကို ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါအစီအစဉ်တွင် Ground School သင်တန်းများ၊ လက်တွေ့ Flight Training နှင့် Simulator Training တို့ ပါဝင်မည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများဖြင့် နည်းစနစ်ကျစွာ လေ့ကျင့်သင်ကြားပေးမည် ဖြစ်သည်။ ဤအစီအစဉ်သည် လေယာဉ်မှူးတစ်ဦးအတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် စည်းမျဉ်းစည်းကမ်းများကို အပြည့်အဝလေ့လာနိုင်မည့်အပြင် အနာဂတ်တွင် လေယာဉ်မှူးအဖြစ် တက်လှမ်းနိုင်မည့် အခွင့်အလမ်းကောင်းများကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
MAI နှင့် Perkasa Flight School ပူးပေါင်း၍ အနာဂတ်လေယာဉ်မှူးများအတွက် Cadet Pilot Program ဖွင့်လှစ်မည်
Apr 22 • 5:56 AM
Myanmar
Local
Share
| 24 | 0 | 0 | 0 |


