လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာနှင့် လွိုင်ကော်မြို့ရှိ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ၌ အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းများကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၂၆ ခုနှစ် ဧပြီလ ပထမအပတ်မှစတင်၍ သက်ဆိုင်ရာမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနများတွင် လျှောက်ထားနိုင်ပြီး၊ ဘောလုံး၊ ပြေးခုန်ပစ်၊ ရေကူး၊ လက်ဝှေ့နှင့် တိုက်ကွမ်ဒို အပါအဝင် အားကစားနည်းပေါင်းများစွာကို ပညာရေးနှင့်အတူ တွဲဖက်လေ့လာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Apr 22 • 5:28 AM
Myanmar
Mon
Share
| 19 | 0 | 0 | 0 |


