သင်္ကြန်ကာလအပြီး ပြည်တွင်းရွှေဈေးနှုန်းသည် ဧပြီလ ၁၈ ရက်နေ့မှစတင်ကာ ဆက်တိုက်မြင့်တက်လျက်ရှိရာ ယနေ့ ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀,၇၂၀,၀၀၀ ကျပ်သို့ ရောက်ရှိလာကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၁၉ ရက်တွင် ၁၀,၆၀၀,၀၀၀ ကျပ်နှင့် ဧပြီ ၂၀ ရက်တွင် ၁၀,၇၀၀,၀၀၀ ကျပ် အသီးသီးရှိခဲ့ရာမှ ဈေးနှုန်းများ တဖြည်းဖြည်းမြင့်တက်လာခြင်းဖြစ်ပြီး၊ သင်္ကြန်ကာလအတွင်း အတက်အကျရှိခဲ့ရာမှ ယခုကဲ့သို့ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
| 42 | 0 | 0 | 0 |


