back

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ထိုင်းအလံ အခိုးခံခဲ့ရ

Apr 22 • 2:16 AM

breaking-news

Thailand

Local News

cover

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ထိုင်းအလံ အခိုးခံခဲ့ရ

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာရှိတဲ့ ထိုင်းနိုင်ငံတော်အလံ တစ်ခုဟာ အလံတိုင်ကနေ ထူးထူးခြားခြား ပျောက်ဆုံးသွားတဲ့အတွက် ထိုင်းရေတပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတ...

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာရှိတဲ့ ထိုင်းနိုင်ငံတော်အလံ တစ်ခုဟာ အလံတိုင်ကနေ ထူးထူးခြားခြား ပျောက်ဆုံးသွားတဲ့အတွက် ထိုင်းရေတပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။ထိုင်းရေတပ် ကင်းလှည့်တပ်ဖွဲ့ဝင်တွေဟာ အဲဒီနေရာက အလံတိုင်မှာ စိုက်ထူထားတဲ့ ထိုင်းနိုင်ငံတော်အလံ မရှိတော့တာကို သတိထားမိခဲ့ကြတာဖြစ်ပြီး အလံပျောက်သွားတာကို သိသိချင်းမှာပဲ ထိုင်းတပ်ဖွဲ့ဝင်တွေက အလံအသစ်တစ်ခုကို ချက်ချင်းပြန်ပြီး လွှင့်ထူခဲ့ရပါတယ်။လက်ရှိမှာတော့ ထိုင်းရေတပ်ဟာ အဲဒီနယ်စပ်တလျှောက်မှာ ကင်းလှည့်တာတွေကို အရင်ကထက် ပိုတိုးမြှင့်လိုက်သလို၊ အလံတိုင်နားမှာလည်း ဆူးကြိုးတွေ ထပ်ကာထားလိုက်ပါတယ်။ ထိုင်းကာကွယ်ရေးဝန်ကြီးကလည်း ဒီကိစ္စကို အသေးစိတ် စုံစမ်းဖို့ ညွှန်ကြားထားပြီး၊ တကယ်လို့ ကမ္ဘောဒီးယားစစ်သားတွေက ကျူးကျော်လုပ်ဆောင်တာမျိုးသာ ဖြစ်ခဲ့မယ်ဆိုရင် ထိရောက်တဲ့ တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

news-view-count-icon

37