မကွေးမြို့ ပဲဈေးကွက်မှာ သင်္ကြန်ရက်မတိုင်ခင်က ပဲမျိုးစုံဈေးဟာ အမြင့်ဘက်မှာ ရှိနေပြီး သင်္ကြန်ကာလ အပြီး မှာတော့ ဈေးအနည်းငယ် ပြန်လည်ကျဆင်းနေတယ်လို့ မကွေးကုန်စည်ဒိုင်ကနေ သိရပါတယ်။
အခုလက်ရှိမှာ မြေပဲ၊ ကုလားပဲနဲ့ ပဲထောပတ်တွေကို အများဆုံး အရောင်းအဝယ် ပြုလုပ်နေကြတာဖြစ်ပြီး ဈေးကွက်အခြေအနေနဲ့ပတ်သက်လို့ မကွေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းက အခုလို ပြောပါတယ်။ (အင်တာဗျူး)
မကွေးမြို့မှာ မြေပဲဆန် အဖြူတစ်ပိဿာကို ကျပ်တစ်သောင်းတစ်ထောင့်ငါးရာ ဝန်းကျင်၊ အနီတစ်ပိဿာကို ကျပ်တစ်သောင်းတစ်ထောင်ဝန်းကျင်ဈေးရှိနေပြီး သင်္ကြန်မတိုင်ခင်ဈေးနဲ့ နှိုင်းယှဉ်ရင် တစ်ပိဿာကို ကျပ် နှစ်ထောင်လောက်အထိ ဈေးပြန်ကျနေတာပါ။ဒါ့အပြင် ကုလားပဲ ၁၉ ပိဿာတစ်အိတ်ကို ကျပ် ၈ သောင်းတစ်ထောင်ဝန်းကျင်၊ ပဲထောပတ် ၁၉ ပိဿာ တစ်အိတ်ကို ကျပ် ၈ သောင်းခွဲဝန်းကျင် ဈေးရှိနေပြီး အရင်ထက်တော့ ဈေးအနည်းငယ် ကျဆင်းနေတယ်လို့ သိရပါတယ်။



