back

ရှမ်းပြည်နယ်၊သိန္နီမြို့ လမ်းမကြီးဘေးရှိ လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များ လုယက်ဝယ်ယူနေ

Apr 22 • 2:14 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊သိန္နီမြို့ လမ်းမကြီးဘေးရှိ လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များ လုယက်ဝယ်ယူနေ

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ လမ်းမကြီးဘေးတစ်လျှောက်ရှိ လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များက ဈေးကြီးပေး၍ လုယက်ဝယ်ယူလာနေကြောင်း ဒေသခံများထံမှ သိရသည်။သိန္နီ...

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ လမ်းမကြီးဘေးတစ်လျှောက်ရှိ လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များက ဈေးကြီးပေး၍ လုယက်ဝယ်ယူလာနေကြောင်း ဒေသခံများထံမှ သိရသည်။သိန္နီတံတားကြီးအနီးနှင့် လမ်းမကြီး၏ အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းရှိ လယ်ကွက်များကို တရုတ်ရင်းနှီးမြှုပ်နှံသူများက အဓိကပစ်မှတ်ထား၍ ဝယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။လက်ရှိ ဒေသတွင်းကာလပေါက်ဈေးအရ လမ်းမကြီးဘေးရှိ လယ်မြေတစ်ဧကလျှင် မြန်မာကျပ်ငွေ သိန်း ၃,၀၀၀ အထိ ပေးဆောင်ကာ ဝယ်ယူနေကြောင်း သိန္နီမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

news-view-count-icon

22