back

တရုတ်နိုင်ငံနှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များ တိုးမြှင့်မည်ဟု ကနေဒါနိုင်ငံ ကြေညာ

Apr 22 • 2:13 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံနှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များ တိုးမြှင့်မည်ဟု ကနေဒါနိုင်ငံ ကြေညာ

ကနေဒါနိုင်ငံနှင့် တရုတ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်အရေအတွက်အား တဖြည်းဖြည်းတိုးမြှင့်မည်ဟု ကနေဒါအစိုးရက ဧပြီ ၂၀ ရက်၌ ကြေညာခဲ့ကြောင်း၊ ယင်းအစီအစဉ်မှာ က...

ကနေဒါနိုင်ငံနှင့် တရုတ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်အရေအတွက်အား တဖြည်းဖြည်းတိုးမြှင့်မည်ဟု ကနေဒါအစိုးရက ဧပြီ ၂၀ ရက်၌ ကြေညာခဲ့ကြောင်း၊ ယင်းအစီအစဉ်မှာ ကုန်သွယ်ရေးအမျိုးအစားကွဲပြားမှုကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုကို ခိုင်မာစေရန် ရည်ရွယ်ကြောင်း သိရသည်။

အစီအစဉ်အသစ်အရ ယခုအခါ ကနေဒါနှင့် တရုတ်လေကြောင်းလိုင်းများအနေဖြင့် ခရီးသည်နှင့် ကုန်ပစ္စည်း တစ်ပါတည်းသယ်ဆောင်သည့် တိုက်ရိုက်လေကြောင်းခရီးစဉ်များ တဖြည်းဖြည်းတိုးမြှင့်ရန်၊ သီတင်းပတ်တစ်ပတ်လျှင် ကုန်တင်လေယာဉ်ခရီးစဉ် ၂၀ အထိ ပြေးဆွဲရန်နှင့် နှစ်နိုင်ငံစလုံးရှိ နေရာအားလုံးသို့ အပြန်အလှန်ဝင်ရောက်ခွင့်ပြုထားကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် အစီအစဉ်များဆိုင်ရာ ကနေဒါအစိုးရဌာန မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

news-view-count-icon

9