စီးရီးဘီကလပ် စီဆီနာအသင်းမှာ ကစားနေပြီး ဂျာမန်ဘောလုံးဂန္ထဝင် ကလင်းစမန်းရဲ့သားဖြစ်သူ ဂိုးသမား ယော်နသန်ကလင်းစမန်းဟာ လည်ပင်းရိုးကျိုးသွားခဲ့တယ်လို့ သိရပါတယ်။ယော်နသန်ဟာ ပါလာမိုကစားသမားနဲ့ ထိခိုက်မိပြီးနောက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တာပါ။၎င်းဟာ လက်ရှိမှာ Sicilian မြို့ရှိ ဆေးရုံတစ်ရုံမှာ ကုသမှုခံယူနေတာလည်းဖြစ်တယ်။ကနဦးစမ်းသပ်ချက်များအရ ဦးခေါင်းအနောက်ကို ဆက်သွယ်တဲ့ အရိုးကျိုးသွားခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ယော်နသန်(၂၉ နှစ်)က သူ့ရဲ့ Instagram ကနေ စီဆီနာနဲ့ ပါလာမိုပရိသတ်တွေကိုဆုတောင်းပေးမှုများအတွက် ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။ယော်နသန်ကို ကလင်းစမန်း ဘိုင်ယန်အသင်းမှာကစားနေချိန် မြူးနစ်မြို့မှာ မွေးဖွားခဲ့ပြီး မေဂျာလိဂ်ကလပ် LAဂလက်ဆီအသင်းမှာ ကစားဖူးကာ လူငယ်အဆင့်မှာလည်း အမေရိကန်ကိုယ်စားပြုခဲ့ပါတယ်။စီဆီနာအသင်းဟာ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ အင်္ဂလန်နောက်ခံလူ အက်ရှ်လေကိုးလ် ကိုင်တွယ်နေတဲ့အသင်းလည်း ဖြစ်ပါတယ်။



