ချယ်လ်ဆီးအသင်းနည်းပြ ရိုဆီနီယာက အသင်းပိုင်ရှင်တွေရဲ့ ရာနှုန်းပြည့်ထောက်ခံမှု ရထားတယ်လို့ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးလေးပွဲဆက် ဂိုးမသွင်းနိုင်ဘဲ အရေးနိမ့်ခဲ့တာပါ။မန်ယူနိုက်တက်ကို အိမ်ကွင်းမှာ ရှုံးလိုက်တာဟာ ချန်ပီယံလိဂ်ဝင်ခွင့် နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ငါးနေရာက လီဗာပူးလ်နဲ့ ခုနစ်မှတ်အထိ ကွာဟသွားစေခဲ့ပါတယ်။ဒါဟာ ချယ်လ်ဆီးအသင်းအဖို့ ရာသီအစက အနိမ့်ဆုံးပစ်မှတ်ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် သံသယဖြစ်စရာအနေအထား ရောက်လာခဲ့တယ်။ရိုဆီနီယာဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကမှ ခြောက်နှစ်ခွဲစာချုပ်နဲ့ ချယ်လ်ဆီးအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ရလဒ်ဆိုးရွားနေမှုကလည်း ရိုဆီနီယာအနေနဲ့ အနာဂတ်မတည်ငြိမ်မှုတွေလည်း ပေါ်ပေါက်လာစေခဲ့ပါတယ်။



