လီဗာပူးလ်အသင်းနောက်ခံလူ ကိုနာတေက အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ ဖွင့်ဟခဲ့ပါတယ်။၎င်းက လာမယ့်ရာသီ အန်ဖီးလ်မှာ ဆက်လက်ကစားခွင့်ရတာဟာ ကြီးမားတဲ့အခွင့်အရေးလို့လည်း ဆိုခဲ့ပါတယ်။လိုက်ပ်ဇစ်ကနေ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ပြင်သစ်နောက်ခံလူ ကိုနာတေရဲ့ ငါးနှစ်စာချုပ်ဟာ အခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တယ်။ကိုနာတေးရဲ့စာချုပ်သစ်အတွက် အားကစားဒါရိုက်တာ ရစ်ချတ်ဟုချ်နဲ့ ဆွေးနွေးမှုများ ပြုလုပ်နေပြီလို့လည်း သိရပါတယ်။



