back

ထိုင်းနိုင်ငံ၊မဲဆောက်မှာ မြန်မာဈေးသည် ၃ ဦးဖမ်းဆီးခံရ

Apr 22 • 2:17 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊မဲဆောက်မှာ မြန်မာဈေးသည် ၃ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့နယ်မှာ ဈေးရောင်းချနေတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ယမန်နေ့က ဖမ်းဆီးခဲ့တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်...


ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့နယ်မှာ ဈေးရောင်းချနေတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ယမန်နေ့က ဖမ်းဆီးခဲ့တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ပါတယ်။ယမန်‌ေန့ ညနေ ၃ နာရီကနေ ၄ နာရီခန့်အတွင်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁)အနီးမှာ အသက် ၅၂ နှစ်အရွယ် မြန်မာနိုင်ငံသား ၁ ဦး ၊ အသက် ၂၆ နှစ် မြန်မာနိုင်ငံသား ၁ ဦးနဲ့ အသက် ၂၅ နှစ် မြန်မာနိုင်ငံသား ၁ ဦး စုစုပေါင်း ၃ ဦးကို တရားမဝင်ဈေးရောင်းချမှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဖော်ပြပါတယ်။တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနထုတ်ပြန်ချက်အရ ဆိုင်ကယ်နဲ့ပလာတာရောင်းတဲ့ မြန်မာအမျိုးသား ၁ ဦး ၊ လမ်းလျှောက်ဈေးရောင်းတဲ့ မြန်မာအမျိုးသမီး ၂ ဦးကိုစစ်ဆေးဖမ်းဆီးခဲ့တာတွေ့ရပါတယ်။ မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း ၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း ၊ ခွင့်ပြုထားတဲ့ အလုပ်ထက် ကျော်လွန်လုပ်ကိုင်ခြင်း စတာတွေနဲ့ဖမ်းဆီးခဲ့တာဖြစ်ပြီး အရေးယူဖို့ မဲဆောက်ရဲစခန်းကို ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

news-view-count-icon

18