ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Game City ကစားကွင်းက ၃ ထပ်အဆောက်အဦးကို စာပေ ဗိမာန် ပြည်သူ့စာကြည့်တိုက်အဖြစ် ပြုပြင်မွမ်းမံနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနကနေ သိရပါတယ်။ မြန်မာနိုင်ငံသားပိုင် ပြည်တွင်းကုမ္ပဏီတွေကို အိတ်ဖွင့်တင်ဒါ ခေါ်ယူထားပြီး မေလ ၁၂ ရက်ကနေ ၁၈ ရက်အထိ ရုံးဖွင့်ရက်အတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ရုံးအမှတ်(၇) နေပြည်တော်မှာ တစ်စောင်ကို ကျပ်တစ်သိန်းနှုန်းနဲ့ လာရောက် ဝယ်ယူနိုင်ပြီး ဝယ်ယူချိန်မှာ ကုမ္ပဏီရဲ့ မှတ်ပုံတင်ကတ်ပြား (သို့မဟုတ်) လုပ်ငန်းလိုင်စင်မိတ္တူ တင်ပြရမယ်လို့ ဆိုပါတယ်။တစ်ချိန်က ရန်ကုန်မြို့ရဲ့ နာမည်ကြီးကစားကွင်းတစ်ခုဖြစ်တဲ့ Game City ကို ပိတ်ထားတာဟာ ၁၂ နှစ်ကျော် ၁၃ နှစ်ခန့် ရှိနေပြီဖြစ်ပြီး လက်ရှိမှာ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ပြည့်နေတဲ့ စွန့်ပစ်နေရာတစ်ခုအဖြစ် ရှိနေတာ ဖြစ်ပါ တယ်။
Apr 22 • 2:03 AM
Myanmar
Yangon
Share
| 55 | 0 | 0 | 0 |


