menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြုအဖွဲ့က ဧပြီလနှောင်းပိုင်းတွင် အမြဲတမ်းကော်မတီ အစည်းအဝေး ကျင်းပရန် လျာထား

Apr 22 • 2:02 AM

breaking-news

China

Local News

Share

share-news
cover

တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြုအဖွဲ့က ဧပြီလနှောင်းပိုင်းတွင် အမြဲတမ်းကော်မတီ အစည်းအဝေး ကျင်းပရန် လျာထား

တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြုအဖွဲ့သည် ပေကျင်းမြို့၌ ဧပြီ ၂၇ ရက်မှ ၃၀ ရက်အထိ အမြဲတမ်းကော်မတီ အစည်းအဝေး ကျင်းပသွားမည်ဖြစ်ကာ ထိုအစည်းအဝေး၌ ဥပဒေပြုပုဂ္ဂိုလ်များက အ...

cover-photo

တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြုအဖွဲ့သည် ပေကျင်းမြို့၌ ဧပြီ ၂၇ ရက်မှ ၃၀ ရက်အထိ အမြဲတမ်းကော်မတီ အစည်းအဝေး ကျင်းပသွားမည်ဖြစ်ကာ ထိုအစည်းအဝေး၌ ဥပဒေပြုပုဂ္ဂိုလ်များက အကျဉ်းထောင်ဆိုင်ရာ ဥပဒေ မူကြမ်းပြင်ဆင်ချက်များ ဆက်လက်စိစစ်သွားမည်ပြီး အခြား ဥပဒေပြင်ဆင်ချက်များကိုလည်း ပြန်လည်သုံးသပ်မှုများ စတင်လုပ်ဆောင်သွားမည်ဟု သိရသည်။ အဆိုပါ အစည်းအဝေး၌ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေ၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဥပဒေ၊ အမျိုးသားကာကွယ်ရေးအတွက် စုဖွဲ့ပြင်ဆင်ခြင်းဆိုင်ရာ ဥပဒေနှင့် ရေအရင်းအမြစ်ဆိုင်ရာ ဥပဒေတို့အား မူကြမ်းပြင်ဆင်ချက်များကို ကနဦး သုံးသပ်ဆွေးနွေးရန် တင်သွင်းသွားမည်ဟု ဧပြီ ၂၀ ရက်က အတည်ပြုဆုံးဖြတ်ခဲ့သည့် အစည်းအဝေးအစီအစဉ် လျာထားချက်အရ သိရသည်။တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိက သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့သည့် NPC အမြဲတမ်းကော်မတီ သဘာပတိများကောင်စီ အစည်းအဝေး၌ ယင်းဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။

news-view-count-icon

8

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ပြည်တွင်းရထားလမ်းများအားလုံး အဆင့်မြှင့်တင်ပေးမည်ဟု သမ္မတ ပြော

ရန်ကုန်တိုင်းရှိGame City အား စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်အဖြစ် ပြုပြင်မွမ်းမံနေ

cover-photo
right-arrow-icon