ပြည်တွင်းရထားလမ်းတွေ ကောင်းမွန်ရေးအတွက် ရထားလမ်းတွေအားလုံးကို တတ်နိုင်သလောက် အဆင့်မြှင့်တင်ပေးသွားမယ်လို့ နိုင်ငံတော်သမ္မတက ပြောပါတယ်။ နိုင်ငံတော်သမ္မတရုံးမှာကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။လတ်တလောအနေနဲ့ ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်-ပြည်လမ်းတို့ကို အဆင့်မြှင့်တင် ပေးသွားမှာဖြစ်ပြီး မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားလမ်းမှာလည်း တံတားပြင်ဆင်တာတွေ၊ လမ်းပြင်ဆင် တာတွေ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
| 23 | 0 | 0 | 0 |


