back

မန္တလေးမြို့သစ်ရှိ လူနေအိမ် တစ်လုံး မီးလောင်ခဲ့

Apr 22 • 2:00 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးမြို့သစ်ရှိ လူနေအိမ် တစ်လုံး မီးလောင်ခဲ့

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ ဧပြီ ၂၁ရက် ည‌ဦးပိုင်းက လူနေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။ဖြစ်...

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ ဧပြီ ၂၁ရက် ည‌ဦးပိုင်းက လူနေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။ဖြစ်စဉ်မှာ မနေ့ည ၆နာရီ ၈မိနစ်အချိန်က ချမ်းမြသာစည်မြို့နယ်၊ ၁၀၃ လမ်း၊ ၅၂လမ်းနှင့် ၅၃လမ်းကြားတွင် လူနေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အဆိုပါ မီးလောင်မှုသတင်းရရှိသဖြင့် Level - 1 ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ရာ ည၆နာရီ ၁၉မိနစ်တွင် မီးထိန်းနိုင်၍ ည၆နာရီ ၂၃မိနစ်တွင် မီးငြိမ်းခဲ့သည်။မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို မထုတ်ပြန်သေးပါ။

news-view-count-icon

20