မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကနေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ရှန့်ကျန်းမြို့ရှိ shenzhen convention & exhibition center (futian) မှာကျင်းပမဲ့ intertextile shenzhen apparel febrics ပြပွဲမှာ မြန်မာအထည်ချုပ်လုပ်ငန်းရှင်တွေ ပါဝင်ပြသဖို့ ဖိတ်ခေါ်ထား တယ်လို့ သိရပါတယ်။အဲဒီပြပွဲကို လာမဲ့ ဇွန်လ ၉ ရက်ကနေ ၁၁ ရက်အထိ ကျင်းပသွားမှာပါ။မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းနဲ့အတူ Buyer Delegation Program မှာ လိုက်ပါကြမယ့် အသင်း ဝင်စက်ရုံတွေက တာဝန်ရှိသူတွေအတွက် အခမဲ့ ၂ ညတာတည်းခိုခွင့်အပြင် ဟိုတယ်ကနေ ပြပွဲကို Shuttle Bus တွေနဲ့ အခမဲ့ ပို့ဆောင်ပေးသွားမှာဖြစ်ကာ Business Matching Session ၊ Delegation Tour နဲ့ Refreshment တွေကိုလည်း စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။ဒါ့အပြင် တရုတ်နိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းက အဝတ်အထည်ထုတ်လုပ်သူတွေ၊ ဒီဇိုင်နာတွေနဲ့ Suppliers တွေ စီးပွား ရေးဆိုင်ရာအချိတ်အဆက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတွေ ရရှိနိုင်မယ့် ပြပွဲတစ်ခုဖြစ်တယ်လို့ လည်း သိရပါတယ်။
မြန်မာအထည်ချုပ်လုပ်ငန်းရှင်အသင်းက ရှန့်ကျန်းမြို့၌ ကျင်းပမည့် အထည်အလိပ်ပြပွဲတွင် ပါဝင်ပြသရန်ဖိတ်ခေါ်
Apr 22 • 1:37 AM
Myanmar
Local
Share
| 41 | 0 | 0 | 0 |


